close

နိုင်ငံရေးစနစ်ပြောင်းမည့် တူနီးရှားသမ္မတကို ထောက်ခံဆန္ဒပြ

တူနီးရှားနိုင်ငံမှာ သမ္မတက လွှတ်တော်ကို ဆိုင်းငံ့ပြီး နိုင်ငံရေးစနစ်ကို အပြောင်းအလဲလုပ်ဖို့ ကတိပေးခဲ့တဲ့အတွက် သမ္မတကို ထောက်ခံသူ ထောင်ချီဟာ မြို့တော်နဲ့ တခြားမြို့တွေမှာ အောက်တိုဘာ ၃ ရက်က စီတန်းလှည့်လည်ခဲ့ကြပါတယ်။

မြို့တော်တူးနစ်ရဲ့ မြို့လယ်မှာ လူအယောက် ၈,၀၀၀ ထက်မနည်း ချီတက်ခဲ့တာပြီး ဒါဟာ ဇူလိုင်လက သမ္မတဆာအိ အထူးအာဏာရယူအပြီး အကြီးဆုံး ချီတက်ပွဲလည်း ဖြစ်ပါတယ်။

သမ္မတကို ဝေဖန်သူတွေကတော့ သမ္မတရဲ့လုပ်ရပ်ဟာ အာဏာသိမ်းတာလို့ ပြောပေမဲ့ သမ္မတကို ထောက်ခံပွဲ တက်လာတဲ့ လူဦးရေဟာ အရင်နှစ်ပတ်က သမ္မတကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ နှစ်ရပ်ထက် လူပိုများတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

သမ္မတကို ထောက်ခံသူ ထောင်ချီဟာ အဲ့စ်ဖှက်စ်၊ စီဒီဘူဇစ်၊ ဂေါ့ဖ်ဆာနဲ့ မိုနာစတီယာမြို့တွေမှာလည်း စီတန်းလှည့်လည်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေနဲ့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။

သမ္မတရဲ့လုပ်ရပ်ကို ဆန့်ကျင်သူတွေထဲမှာ အားကောင်းတဲ့ အလုပ်သမားသမဂ္ဂတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား အလှူရှင်တွေ ပါဝင်ပြီး လတ်တလော သီတင်းပတ်တွေထဲမှာ ဆန့်ကျင်မှု ပိုတိုးလာနေပါတယ်။

သမ္မတဆာအိကတော့ နိုင်ငံရေး ရေပေါ်ဆီလူတန်းစားကို ဆန့်ကျင်တဲ့ သူ့လုပ်ရပ်ကို အများပြည်သူက ကျောထောက်နောက်ခံပေးနေတယ်လို့ မကြာခဏ ကိုးကားပြောဆိုပါတယ်။

သမ္မတနဲ့ လွှတ်တော်က အာဏာကို မျှဝေယူထားတဲ့ စနစ်ဟာ အများပြည်သူရဲ့ ဆန္ဒကို ကဖျက်ယဖျက် လုပ်နေတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up