close

ညောင်လေးပင်မြို့နယ်၌ ၂ ရက်ဆက်တိုက် Mytel တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ စစ်တပ်ရဲ့ အကျိုးစီးပွား Mytel ဆက်သွယ်ရေးတာဝါတိုင်ကို အောက်တိုဘာ ၄ ရက်နေ့က မိုင်းထောင် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့က ပြောပါတယ်။ 

"မနေ့ညကတည်းက ထောင်ထားတာဗျ၊ အခု (အောက်တိုဘာ ၄ ရက်)  ည ၁၁ နာရီ ၄၅ မိနစ် အချိန်​ရောက်မှ ထပေါက်တာ"လို့ ဖောက်ခွဲတိုက်ခိုက်လိုက်တဲ့  PDFအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပုဇွန်မြောင်းကျေးရွာသားတစ်ဦးကလည်း “ဖောက်ခွဲသံအသံအကျယ်ကြီးဗျ၊ အိမ်တောင် လှုပ်သွားတယ်”လို့ ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်ရှိ တာဝါတိုင် ၂ တိုင် တပြိုင်တည်း  တိုက်ခိုက်ဖျက်ဆီးခံရပါတယ်။ 

တခုလို့ နေ့စဉ် တာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး  ကျေးရွာမှာ ဝင်ရောက် စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

"စကစတာဝါတိုင်​တွေကို တိုက်ခိုက်တဲ့ဖြစ်စဉ်​တွေ ညောင်လေးပင်မြို့နယ်အတွင်း  နှစ်ရက် ဆက်တိုက်ဖြစ်သွားတော့ စကစတပ်တွေ ရွာထဲမှာ မိုးလင်းကတည်းက ခြေရူပ်နေကြတယ်။ ရွာသားတွေကလည်း တအားကို ကြောက်နေကြတာပေါ့"လို့  ရွာသားတစ်ဦးကပြောပါတယ်။

နပဲပင်ကျေးရွာရှိတာဝါတိုင်တတိုင်းနဲ့   နှင်းဝိသံတံတားကျေးရွာရှိ တာဝါတိုင်တတိုင် စုစု​ပေါင်း တာဝါတိုင် ၂ တိုင်  အောက်တိုဘာ ၃ ရက် ည ၁၂ နာရီလောက်က တချိန်တည်း တပြိုင်နက်တည်း မိုင်းခွဲ ဖျက်ဆီးခံရတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up