close

Popular အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများ နစ်နာကြေးပြန်ရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ  Popular အထည်ချုပ်စက်ရုံကို အထည်အပ်တဲ့ Brand ကုမ္ပဏီတွေဆီကို တိုင်ကြားလိုက်ပြီးတဲ့နောက် အလုပ်ထုတ်ခံထားရတဲ့ လုပ်သားတွေအတွက် Popular အထည်ချုပ်စက်ရုံက နစ်နာကြေး ပြန်ထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။

Popular စက်ရုံက မတ်နဲ့ ဧပြီလတွေမှာ အလုပ်သမား ၁၃ ဦးကို အလုပ်က အကြောင်းမဲ့ ထုတ်ပယ်ခဲ့လို့ အဲဒီစက်ရုံရဲ့ အလုပ်သမားအခွင့်အရေး လိုက်နာမှုမရှိတဲ့အပေါ် အထည်အပ်တဲ့ Brand ကုမ္ပဏီတွေဆီ CTUM နဲ့ IWFM အလုပ်သမားအဖွဲ့ချုပ်တွေ အကူအညီနဲ့ ဆက်သွယ် တိုင်ကြားခဲ့တာပါ။

အဲဒီလို တိုင်ကြားလိုက်တာကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁၃ ဦးအတွက် ကြားကာလ နစ်နာကြေး ၄ လစာစီဖြစ်တဲ့ ငွေကျပ် ၈၂ သိန်းကျော်ကို အောက်တိုဘာ ၄ ရက်မှာ Popular စက်ရုံက ပြန်ထုတ်ပေးလိုက်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံတွေကို Brand အပ်တဲ့ ကုမ္ပဏီဆီ တိုင်ကြားတဲ့ နည်းလမ်းကို အလုပ်သမားအဖွဲ့တွေက ပြောင်းလဲကျင့်သုံးနေပြီး ထိရောက်မှုရှိတယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလကလည်း Honor အထည်ချုပ်စက်ရုံမှာ အလားတူ တိုင်ကြားခံရပြီး အလုပ်သမား ၁၀ ဦးအတွက် နစ်နာကြေး ၁၁ လစာစီ ပေးခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up