close

မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တင်အောင် ကွယ်လွန်

မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တင်အောင်ဟာ အောက်တိုဘာ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်လောက်က ကွယ်လွန်သွားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က DVB ကို ပြောပါတယ်။

ပါတီဥက္ကဋ္ဌ နိုင်တင်အောင်ဟာ သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေအိမ်မှာ နှလုံးရောဂါအခံကြောင့် ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၈၅ အရွယ် ပါတီဥက္ကဋ္ဌ နိုင်တင်အောင်ဟာ မကွယ်လွန်မီ အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေး လာတက်ပြီး မိန့်ခွန်းပြောသွားသေးတယ်လို့ ပါတီဘက်က ဆိုပါတယ်။

ပါတီ ဥက္ကဋ္ဌ နိုင်တင်အောင်ရဲ့ ဈာပနအခမ်းအနားကိုတော့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ဇာတိမြေ သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

ဥက္ကဋ္ဌ နိုင်တင်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က  မွန်အမျိုးသားပါတီ MNP နဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ပေါင်းစည်းခဲ့တဲ့ မွန်ညီညွတ်ရေးပါတီမှာ သေဆုံးတဲ့အချိန်ထိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ၁၂ နေရာထိ အနိုင်ရရှိခဲ့ပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေလို့ ဝေဖန်ခံနေရတဲ့ ပါတီ တစ်ခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up