အင်္ဂလန်မြောက်ပိုင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံဟောင်း မျှော်စင် ဖြိုချ

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ်မြောက်ပိုင်းက လျှပ်စစ်ဓာတ်အားပေး စက်ရုံဟောင်းရဲ့ အအေးပေး မျှော်စင် လက်ကျန်တွေကို အောက်တိုဘာ ၁၀ ရက်က ဖြိုချလိုက်ပါတယ်။
ယော့ခ်ရှိုင်းယားမြို့က အဂ်ဘာရို လျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ မျှော်စင် ၄ ခုကို ဖြိုချနေပုံ ရုပ်သံကို ရိုက်တာက အောက်တိုဘာ ၁၁ ရက်မှာ ထုတ်လွှင့်ပါတယ်။
ပေ ၃၀၀ မြင့်တဲ့ မျှော်စင်ကို ဖြိုချဖို့ ၉ လကျော် အချိန်ယူ စီစဉ်ခဲ့ရတယ်လို့ DSM ဖြိုဖျက်ရေး အုပ်စုက ပြောပါတယ်။
သြဂုတ် ၁ ရက်က တခြား မျှော်စင် ၄ ခုကို ဖြိုချအပြီး ကျန်နေတဲ့ မျှော်စင်တွေကို ဖယ်ရှားခဲ့တာလည်း ဖြစ်ပါတယ်။
ဒီမျှော်စင်တွေဟာ ယော့ခ်ရှိုင်းယားမြို့အတွက် အထင်ကရနေရာတွေအဖြစ် အနှစ် ၅၀ တည်ရှိခဲ့ပါတယ်။