ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှုညွှန်ကိန်းတွင် မြန်မာက အဆင့် ၁၁၂ တွင် ရပ်တည်

ကမ္ဘာ့တရားမျှတမှုစီမံကိန်း(WJP)က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ညွှန်ကိန်းမှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၂၈ နိုင်ငံထဲ အဆင့် ၁၁၂ မှာ ရပ်တည်နေပါတယ်။
အခုနှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ညွှန်ကိန်းမှာတော့ ဒိန်းမတ်၊ နော်ဝေနဲ့ ဖင် လန်နိုင်ငံတွေက ထိပ်တန်း ၃ နိုင်ငံအနေနဲ့ ရပ်တည်နေပြီး အောက်ဆုံးအဆင့် ၃ နိုင်ငံအနေနဲ့ ကွန်ဂို၊ ကမ္ဘောဒီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ရပ်တည်နေတာပါ။
အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့တရားမျှတမှုစီမံကိန်း(WJP)ကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် မှာ စတင်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးရဲ့ အခြေခံအရေးကြီးမှုကို လူထုသိမြင်နားလည်မှု တွေ တိုးတက်လာစေဖို့၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို လှုံ့ဆော်ပေးဖို့၊ ရပ်ရွာအဆင့် ထိ လက်တွေ့ကျတဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေ တည်ဆောက်နိုင် စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ညွှန်ကိန်းကို တွက်ထုတ်ရာမှာတော့ တရားစီရင်ပိုင် ခွင့်နယ်မြေ ၁၃၉ ခုက တရားဉပဒေရေးရာ ကျွမ်းကျင်ပညာရှင် ၄၂၀၀ နဲ့ အိမ်ထောင်စု ပေါင်း ၁၃၈,၀၀၀ ကျော်ကို အစိုးရအာဏာ၊ ပွင့်လင်းမြင်သာမှု၊ အကျင့်ပျက်ခြစားမှု၊ အ ခြေခံအခွင့်အရေးတွေ၊ အမိန့်အာဏာနဲ့လုံခြုံရေး၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှု၊ ရာဇ ဝတ်မှုနဲ့ အရပ်ဘက်တရားစီရင်ရေးစနစ်တွေ အပေါ်ကန့်သတ်ချက်တွေဆိုင်ရာ သုတေသ နမေးခွန်းပေါင်း ၅၀၀ ကို အခြေခံ ရယူထားခဲ့တာလို့ ဆိုပါတယ်။
နယ်မြေအလိုက် ညွှန်ကိန်းသတ်မှတ်ချက်မှာတော့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံ တွေထဲ နယူးဇီလန်၊ ဩစတြေးလျနဲ့ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံတွေက တရားဥပဒေစိုးမိုးမှု ညွှန်ကိန်းထိပ်ဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေပြီး အောက်ဆုံး ၃ နိုင်ငံ ထဲမှာတော့ မြန်မာနိုင်ငံနဲ့အတူ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရပ်တည်နေတာ ဖြစ်ပါတယ်။