close

ဝက်လက်မြို့နယ်တွင် ပြည်သူ ၂ ဦးကို ရဲက အကြမ်းဖက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်က ပြည်သူတယောက်နဲ့  ပင်းဇင်းကျေးရွာက လက်တဖက်သာရှိတဲ့ မသန်စွမ်း ပြည်သူတယောက်ကို  အောက်တိုဘာ ၁၇ ရက် ညပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ညက သူ့အိမ်ရှေ့က တံတားပေါ်မှာ ဖုန်းပြောနေတဲ့ ကိုဖိုးဆွေကို။ တာဝါတိုင် လာကြည့်တဲ့ ရဲတွေက ဖမ်းသွားကြတယ်။ သူက လက်တဖက်ပဲ ပါတယ်၊ သူ့ကို ပါးတွေရော နားတွေရော ရိုက်နှက်တယ်၊ ကားပေါ်တင်တာတောင် ကန်လိမ့်ပြီးတင်တာ” လို့ ပင်းဇင်းရွာသားတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့အမှတ် ၃ ရပ်ကွက်က ကိုကျော်စွာဝင်းကိုတော့ သူ့လယ်ယာသို့ သွားစဉ် ဖမ်းဆီးခံရတာလို့ သိရပါတယ်။

ကိုကျော်စွာဝင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာ လမ်းကြောင်းမှာ ထိန်းသိမ်း စောင့်ရှောက်ပေးသူတစ်ဦးဖြစ်လို့  ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

ပင်းဇင်းရွာသား ကိုဖိုးဆွေကတော့ နွားစာစဉ်းစက်နောက်လိုက်စဉ်က လက်တဖက် ပြတ်ထားလို့ အခုအချိန်လုပ်ကိုင်စားသောက်ဖို့တောင် အခက်အခဲဖြစ်နေသူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up