မုံရွာတက္ကသိုလ်အနီး ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ မုံရွာတက္ကသိုလ်အနီးမှာ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ဖို့ ပုံမှန်စုရုံးရာနေရာဖြစ်တဲ့အပြင် Non-CDM ဝန်ထမ်းတွေ ထားရှိတဲ့ နေရာဖြစ်ပြီး PDF-South Monywa နဲ့ Monywa Heroes Group က ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မုံရွာတက္ကသိုလ်ကျောင်းအနောက်ပေါက် ကင်းလှည့်ဖို့ တံခါးပေါက်ဖွင့်ထားချိန် လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့သလို Non-CDM ဝန်ထမ်းတွေ ထားရှိတဲ့ နေရာကိုလည်း ဖောက်ခွဲမှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီဖောက်ခွဲမှုမှာ စစ်ကောင်စီတပ်သားတွေ အသေအပျောက်ကို မသိရှိရပေမယ့် PDF-South Monywa မြို့ပြပြောက်ကျား အဖွဲ့အနေနဲ့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။