close

အမေရိကန်နိုင်ငံ ကုန်တိုက်တခုတွင် ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ အိုင်ဒါဟိုးပြည်နယ် ဘွိုက်ဇီမြို့က ကုန်တိုက်တခုမှာ အောက်တိုဘာ ၂၅ ရက်က ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

တကိုယ်တော် ပစ်ခတ်သူကိုတော့ ဖမ်းဆီးခေါ်ဆောင် သွားပြီးပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မတိုင်ခင်မှာ ဘွိုက်ဇီ မြို့ရင်ပြင်က ကုန်တိုက်တန်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဘွိုက်ဇီရဲမှူး ရိုင်ယန်လီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရဲအရာရှိတွေ အခင်းဖြစ်ရာကို ရောက်ချိန်မှာ သံသယရှိသူနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာကြောင့် အရာရှိတယောက် ဒဏ်ရာရပြီး သံသယရှိသူကို ဖမ်းမိခဲ့တယ်လို့ ရဲမှူးက ဆက်ပြောပါတယ်။ 

ပစ်ခတ်သူတယောက်သာရှိပြီး လူ့အဖွဲ့အစည်းအပေါ် ခြိမ်းခြောက်မှု မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။ သံသယရှိသူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ မရသေးပါဘူး။ 

၏ပစ်ခတ်ရတဲ့ နောက်ကွယ်က ဘယ်လိုအကြောင်းရင်းကိုမဆို ခုချိန်မှာ မပြောနိုင်သေးဘူးလို့ ရဲမှူးက ပြောပါတယ်။

ဘွိုက်ဇီမြို့ရင်ပြင်ဟာ အိုင်ဒါဟိုးပြည်နယ်ရဲ့ မြို့တော်အနောက်ပိုင်းမှာ ရှိပြီး လူဦးရေ ၂ သောင်းခွဲလောက် နေထိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up