အာဖဂန်အရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်၊ ရုရှား၊ ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့ သဘောတူ

တရုတ်၊ ရုရှား၊ ပါကစ္စတန်နဲ့ အီရန်တို့က ထိပ်တန်းအဆင့်မြင့် အရာရှိတွေဟာ အာဖဂန်အရေးမှာ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ စက်တင်ဘာ ၁၆ ရက်က သဘောတူညီမှု ရရှိခဲ့ပါတယ်။
တာဂျစ်မြို့တော် ဒူရှန်ဘေမှာကျင်းပတဲ့ အာဖဂန်နစ္စတန်အရေးကိစ္စ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလက်ဗ်ရော့ဗ်၊ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဆဟာမာမွဒ်ကွာရှီ နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆီယက်ရာဆိုလ်းမူဆာဗီရဲ့လက်ထောက်တို့ တက်ရောက်လာပြီး သဘောတူညီမှုရရှိခဲ့တာပါ။
အစည်းအဝေးမှာ ဝမ်ယိက ပြောကြားခဲ့တာမှာ ဒီနိုင်ငံ ၄ နိုင်ငံဟာ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းဖို့၊ တညီတညာတည်း တသဘောထဲ ပြောစကားဖြစ်ဖို့၊ အကူအညီဖြစ်စေမယ့် သြဇာလွှမ်းမိုးမှုကို အားထုတ်ဖို့နဲ့ အာဖဂန်နစ္စတန် အခြေအနေ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါ၀င်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒေသတွင်းနိုင်ငံတွေဟာ အာဖဂန်အစိုးရသစ်ကို အားလုံးပါဝင်နိုင်ပြီး အကြမ်းဖက်မှုကို ဆန့်ကျင်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးဖို့ မျှော်လင့်ကြောင်းလည်း အလေးအနက်ပြောကြားသွားခဲ့ပါတယ်။