close

မြန်မာစစ်တပ်အနေဖြင့် လူထုအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်ရန် နော်ဝေအစိုးရ တောင်းဆို

မြန်မာစစ်ခေါင်းဆောင်ပိုင်းအနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး လိုအပ်နေသူတွေအားလုံး လူသားချင်းစာနာမှု အကူအညီတွေ ရရှိစေရေးအတွက် အာမခံပေးဖို့ နော်ဝေအစိုးရက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက နိုဝင်ဘာ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ချင်းပြည်နယ်မှာ မြန်မာစစ်တပ်က အရပ်သားတွေ၊ သူတို့ရဲ့ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ သတင်းတွေ ကြားသိရတာကြောင့် နော်ဝေနိုင်ငံအနေနဲ့ အလွန်စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ တပ်အင်အား တိုးမြှင့်ချထားမှုနဲ့အတူ နိုင် ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်နေပြီး ပိုမို ပြင်းထန်လာတဲ့ ဒီအကြမ်းဖက်မှုတွေရဲ့ ဆိုးကျိုးတွေကို အရပ်သားပြည်သူလူထုက ဆက် လက်ခံစားနေရတယ်လို့ ဆိုပါတယ်။

အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်းတွေ ပိတ်ဆို့ခံထားရတာကြောင့် မြေပြင်အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှားပါးနေပြီး ဒီကန့်သတ်ချက်တွေကို ဖယ် ရှားပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလ ၉ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၂၃၀ နီးပါး၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၆၀၀ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up