close

အိန္ဒိယတွင် ဒီပဝါလီ မီးထွန်းပွဲတော်အပြီး လေထုအရည်အသွေး ပိုဆိုးလာ

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ မြို့ကြီးတွေမှာ ဟိန္ဒူရိုးရာ ဒီပဝါလီ မီးထွန်းပွဲတော်အပြီးမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက အဆိပ်သင့်မီးခိုးမြူတွေ ဖုံးလွှမ်းနေပြီး လေထုအရည်အသွေး ပိုဆိုးလာတယ်လို့ သိရပါတယ်။ နိုးထခဲ့ကြပါတယ်။ 

မြို့တော်နယူးဒေလီဟာ ကမ္ဘာ့မြို့တော်အားလုံးရဲ့ လေထုအရည်အသွေး အဆိုးရွားဆုံးဖြစ်ပေမယ့် အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံးပွဲတော်ကို ကျင်းပပြီး ဒီနေ့မှာ လေထုအရည်အသွေးအညွှန်းကိန်း (AQI) ပိုပြီးတော့ ဆိုးရွားခဲ့တာပါ။

အခုနှစ်မှာ လေထုအရည်အသွေး ညွှန်းကိန်းက စံချိန်တင် အမြင့်ဆုံး ၅၀၀ မှာ ၄၅၁ အထိ မြင့်တက်လာပြီး ကျန်းမာရေးကောင်းတဲ့သူတွေကိုတောင် ထိခိုက်စေပြီးတော့ ရောဂါရှိထားပြီးသား လူတွေကို ပိုပြီးဆိုးရွားတဲ့အခြေအနေတွေကို ညွှန်ပြနေတယ်လို့ ဖက်ဒရယ် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ သိရပါတယ်။ 

AQI ဟာ လေထု ၁ ကုဗမီတာမှာ အဆိပ်ရှိတဲ့အမှုန်အမွှား PM2.5 ပါဝင်မှုကို တိုင်းတာခြင်း ဖြစ်ပါတယ်။ 

အနီးနားရှိ ကန်ပူရ်နဲ့ မိုရာဒါဘဒ်မြို့တွေမှာလည်း လေထုညစ်ညမ်းမှုအဆင့်က ပြင်းထန်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း အစိုးရအာဏာပိုင်တွေနဲ့ အိန္ဒိယတရားရုံးချုပ်က မီးရှူးမီးပန်းပစ်လွှတ်ခြင်းကို တားမြစ် ပိတ်ပင်ထားကြပေမယ့်လဲ တားမြစ်ချက်တွေကို ကျင့်သုံးပုံမပေါ်ပါဘူး။ 

ပိုဆိုးတာက ဒီဝါလီဟာ ဒေလီရဲ့ အိမ်နီးချင်း ပန်ဂျဘ်နဲ့ ဟာရ်ယနပြည်နယ်မှာရှိတဲ့ လယ်သမားတွေ ရိတ်သိမ်းပြီးတဲ့နောက် သီးနှံအတွက် လယ်တွေပြင်ဆင်ဖို့ ကျန်ခဲ့တဲ့ အမှိုက်တွေကို မီးရှို့တဲ့ကာလပါပဲ။ 

ကမ္ဘာ့ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရေး အတွက် စီးပွားရေးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်နေတာကြောင့် အိန္ဒိယအစိုးရတွေဟာ လေထုညစ်ညမ်းမှုကို တားဆီးဖို့ လုံလုံလောက်လောက် မဆောင်ရွက်ဘူး လို့ စွပ်စွဲခံရလေ့ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up