close

ကျွန်းနိုင်ငံငယ်လေးများအတွက် ရာသီဥတုပြောင်းလဲမှုတုံ့ပြန်ကူညီရေး ရန်ပုံငွေတရပ် ထူထောင်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်​ဒြာမိုဒီတို့ဟာ ဖွံ့ဖြိုးဆဲ ကျွန်းနိုင်ငံလေးတွေအတွက် ကူညီရေးရန်ပုံငွေတရပ်ကို ထူထောင်ရာမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

ရာသီဥတုပြောင်းလဲမှုကနေ သက်ရောက်တဲ့ အကျိုးဆက်တွေကို တုံ့ပြန်ရေးအခြေခံ အဆောက်အဦတွေ တည်ဆောက်ရာမှာ ကူညီဖို့ ရန်ပုံငွေကို နိုဝင်ဘာ ၂ ရက်မှာ ကျင်းပတဲ့ COP26 ကမ္ဘာ့ရာသီဥတုညီလာခံအတွင်း မိတ်ဆက်လိုက်တာပါ။

ကမ္ဘာကြီး ပူနွေးမှုကြောင့် သဘာဝကပ်ဘေးတွေ ပိုဆိုးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်တဲ့ဒဏ်ကို ခံနေရတဲ့ ဖီဂျီ၊ ဂျမေကာနဲ့ မောရစ်ရှတို့လို ကျွန်းနိုင်ငံတွေမှာ ကပ်ဘေးဒဏ် ခံနိုင်တဲ့ အခြေခံအဆောက်အဦတွေ ဖန်တီးဖို့ ရန်ပုံငွေက ကနဦး ရည်မှန်းထားပါတယ်။

စကော့တလန် နိုင်ငံ ဂလပ်စ်ဂေါ မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုညီလာခံမှာ ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ရေးနဲ့ ပိုဆင်းရဲတဲ့ နိုင်ငံတွေ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ကူညီဖို့ အာမခံငွေတို့ဟာ ရေပန်းစားနေတဲ့ ခေါင်းစဉ်တွေထဲက တရပ်ပါ။

ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ၂၀၂၀ မှာ ရာသီဥတုဆိုင်ရာ ဘဏ္ဍာငွေ တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ပေးဖို့ ၂၀၀၉ ခုနှစ်က ပေးခဲ့တဲ့ကတိကို မတည်နိုင်ခဲ့ဘဲ အဲဒီအစား ၂၀၂၃ ကစပြီး ပေးမယ်လို့လည်း အရင်အပတ်က အတည်ပြုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up