မက္ကဆီကိုတွင် ကုန်ကားတစ်စီး တိုးဂိတ်ကို တိုက်မိပြီး ၁၉ ဦးထက်မနည်း သေဆုံး

4
မက္ကဆီကိုနိုင်ငံ မြို့တော်မက္ကဆီကိုစီးတီးနားမှာ နိုဝင်ဘာ ၆ ရက်က ဆိုးဆိုးရွားရွား လမ်းမတော်တဆမှု တရပ်အတွင်း လူ ၁၉ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။
ခေါင်းလျှော်ရည်ကုန်ကြမ်းတွေကို သယ်လာတဲ့ ကုန်ကားတစီးက အရှိန်မထိန်းနိုင်ဘဲ မက္ကဆီကို ပွယ်ဘလာ အဝေးပြေးလမ်းပေါ်က တိုးဂိတ်ကို ဝင်တိုက်မိခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
ကုန်ကားနဲ့အတူ အနားက ကား ၆ စီးလည်း တရွတ်တိုက်ပါသွားခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးခဲ့တာပါ။
ဒဏ်ရာရသူ ၃ ယောက်ကတော့ ဆေးကုသမှု ခံယူနေရဆဲလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။