close

ခေါင်းမော့ထားနိုင်ချိန် မန်ယူကနေ ထွက်ခွာရန် ဆိုးလ်ရှားကို ဖာဒီနန် တိုက်တွန်း

မန်ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ ခေါင်းမော့ထားနိုင်ချိန်မှာ ထွက်ခွာဖို့ နောက်ခံလူဟောင်း ဖာဒီနန်က တိုက်တွန်းပါတယ်။ 

ဆိုးလ်ရှားဟာ အဓိကပြိုင်ဘက် မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတွေ ပိုမိုရှိလာခဲ့ပေမယ့် အသင်းဘက်ကတော့ ထုတ်ပယ်ခြင်းမရှိသေးဘဲ အခွင့်အရေးပေးထားဆဲ ဖြစ်ပါတယ်။ 

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကတော့ နည်းပြဆိုးလ်ရှားအနေနဲ့ ရာသီအစက ရလဒ်ကောင်းတချို့ကြောင့် အားငယ်စရာမရှိဘဲ အသင်းကနေ ခေါင်းမော့ပြီး ထွက်ခွာသင့်တယ်လို့ ဖာဒီနန်က ပို့စကတ်အစီအစဉ်တစ်ခုမှာ မှတ်ချက်ပေးခဲ့တာပါ။ 

“မန်ယူနိုက်တက် ကစားပုံက ဘောလုံးဒဿနရော၊ စရိုက်လက္ခဏာရော ဘာမှ မတွေ့ရပါဘူး။ လိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ်လို့လည်း မထင်တော့ပါဘူး။ အပတ်စဉ်တိုင်း ငါတို့အသင်းက ဘာနည်းစနစ်တွေနဲ့များ ကစားနေတာလဲဆိုပြီး အံ့အားသင့်နေရပါတယ်။ ရာသီအစတုန်းကတော့ အပေါင်းလက္ခဏာဆောင်ခဲ့ဖူးလို့ အိုလီအနေနဲ့ ခေါင်းမော့ပြီး အသင်းကနေ ထွက်ခွာသင့်ပါပြီ” လို့ ဖာဒီနန်က ပြောပါတယ်။ 

ယူနိုက်တက်ကစားသမားတွေဟာလည်း နည်းပြအပေါ် ကြောက်ရွံ့လေးစားမှုမရှိဘဲ ဘာမှမဖြစ်တဲ့ပုံနဲ့ ကစားနေကြတယ်လို့ ဖာဒီနန်က ဝေဖန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up