close

ဒလန်ရှင်းလင်းခံရသည့် အရာတော်မြို့နယ် ရှောက်ခါးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာကို နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီကစပြီး အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီနေ့မနက် ပြည်ခိုင်ဖြိုးပါတီဝင် စစ်သတင်းပေးတစ်ဦး ရှင်းလင်းခံရပြီးနောက် အကြမ်းဖက်စစ်တပ်က အင်အား ၃၀ ကျော်လောက်လာပြီး မွှေနှောက်နေတာပါ။ ရွာခံတွေလည်း ပြေးလွှားရှောင်တိမ်းနေရပြီး စစ်တပ်ကတော့ တက်ကြွလှုပ်ရှားသူတွေရဲ့နေအိမ်တွေကို ဝင်ရောက်စီးနင်း ဖျက်ဆီး မီးရှို့နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ အင်အား ကောင်းတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ဒလန်နဲ့ပျူစောထီး ၄ ဦး ရှင်းလင်းခံထားတာဖြစ်သလို၊ ဒီနေ့ မနက်ပိုင်းမှာလည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သတ်ဖြတ် ခံရပြီးနောက် စစ်တပ်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရှောက်ခါးကျေးရွာကို ညနေပိုင်းအထိ မီးရှို့နေတာဖြစ်လို့ ဒေသခံ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေအိမ်ဘယ်နှလုံးလောင်ကျွမ်းတယ်ဆိုတာ မသိနိုင်သေးဘူးလို့ ရွာခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up