close

ငပုတောမြိုနယ် မန်ကျည်းပင်ရွာ၌ နယ်ထိန်းတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်

ငပုတောမြို့နယ် မန်ကျည်းပင်ကျေးရွာအတွင်း နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက နယ်ထိန်းတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်ကျည်းပင်ကျေးရွာအပြင်ဘက်က ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်ပျောက်သည်ဟုဆိုကာ နယ်ထိန်း ကောင်းမြတ်ဇော်ဝင်းက ဆဲဆိုကြိမ်းမောင်းပြီး ကျေးရွာအတွင်း ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

"ရွာအပြင်မှာရှိတဲ့ ကြံခိုင်ရေးဆိုင်းဘုတ်ပျောက်တယ်ဆိုပြီး ရွာထဲကို သေနတ်နဲ့ဝင်လာပြီး မိုးပေါ်ကိုထောင်ပစ်နေတာပါ။ အရက်ကလည်း မူးနေတယ်။ ဘယ်သူ့ကိုမှတော့ ထိမသွားပါဘူး။ ရွာသူ၊ ရွာသားတွေကတော့ စိုးရိမ်နေကြပါတယ်" လို့ မန်ကျည်းပင်​ကျေးရွာသားတစ်ဦးကပြော ပါတယ်။

နယ်ထိန်း​ကောင်းမြတ်​ဇော်မှာ မန်ကျည်းပင်ကျေးရွာ တဖက်ကမ်း သုံးခွကျေးရွာတွင်ရှိသော သုံးခွနယ် မြေရဲစခန်းမှ နယ်ထိန်းဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုတွေ လုပ်ပြီး မိနစ်အနည်းငယ်တွင် သုံးခွနယ်မြေရဲစခန်းမှ စခန်းမှူးဆိုသူက နယ်ထိန်းကို ပြန်လည်ခေါ်ဆောင်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up