close

ဗီယက်နမ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁ သန်းကျော်၊ ကမ္ဘာတဝန်း သန်းချီကူးစက်ခံ ၃၇ နိုင်ငံရှိ

ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ သန်းကျော်လာခဲ့ပြီးနောက် ကမ္ဘာတဝန်း သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံထိ ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၂၅၂ ဒသမ ၆၅ သန်းကျော်၊ သေဆုံးသူ ၅ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၂၂၈ ဒသမ ၅၇ သန်းကျော် ရှိနေတာပါ။

ဗီယက်နမ်နိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံသား ၂ ယောက်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၂၂,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၄၇ ဒသမ ၆၉ သန်းကျော်၊ သေဆုံးသူ ၇ သိန်း ၈ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၃၄ ဒသမ ၄၁ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၆ သောင်းကျော်နဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁ ဒသမ ၉၂ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ယူကေနိုင်ငံက ကူးစက်ခံရသူ ၉ သန်းကျော်၊ ရုရှားနဲ့ တူရကီ နိုင်ငံတွေက ကူးစက်ခံရသူ ၈ သန်းကျော်၊  ပြင်သစ်နိုင်ငံက ကူးစက်ခံရသူ ၇ သန်းကျော်စီ၊ အီရန်နိုင်ငံက ၆ သန်းကျော်၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊  စပိန်နိုင်ငံတွေက ကူးစက်ခံရ သူ ၅ သန်းကျော်စီ၊ ဂျာမနီ၊ အီတလီနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်း ကျော်စီ၊ ပိုလန်၊ မက္ကဆီကို၊ ယူကရိန်းနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ တောင် အာဖရိက၊ ဖိလစ်ပိုင်၊ မလေးရှား၊ နယ်သာလန် ပီရူး၊ အီရတ်နဲ့ ထိုင်းနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေပါတယ်။

အဲဒီနောက်မှာတော့ ချက်သမ္မတနိုင်ငံ၊ ကနေဒါ၊ ရိုမေးနီးယား၊ ဂျပန်၊ ချီလီ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယမ်၊ အစ္စရေး၊ ပါကစ္စတန်၊ ဆားဘီးယား၊ ဆွီဒင်၊ ပေါ်တူဂီနိုင်ငံတွေနဲ့အတူ ဗီယက်နမ်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော် လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်း ၈ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၁၁၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး နိုင်ငံတွေအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက အသီးသီး ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၅ သိန်း ၁ သောင်းကျော်၊ သေဆုံးသူ ၁၈,၀၀၀ ကျော် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up