close

ထားဝယ်မြို့တွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်၊ ပုံကျွန်းရပ်မှာ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းတည် ၁၂ နာရီလောက်က မှုခင်းသတင်းထောက် အဖြစ်လုပ်ကိုင်ခဲ့သူ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ၉ ချက် ပစ်သတ်ခံခဲ့ရပါတယ်။

မှုခင်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဒေါ်ဇာခြည်ဦးဟာ ပုံကျွန်းရပ်ကွက်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

“လက်ဖက်ရည်ဆိုင်မှာ စျေးဝယ်နေတုန်း  ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၂ ဦးက သေနတ်နဲ့ ပစ်ခတ်သွားတာ။ သူက ရဲစခန်းထဲလည်း ဝင်ထွက်သွားလါတာတွေရှိတယ်။ ခုတော့ မှုခင်း သတင်းထောက်လုပ်လား မလုပ်လား မသိဘူး။ စစ်တပ်သတင်းပေး ဒလန်လို့တော့ နာမည်ထွက်နေတယ်" လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အမည်မသိ သေနတ်သမားက ကိုးချက် ပစ်ခတ်ခဲ့တာကြောင့် ဒေါ်ဇာခြည်ဦးမှာ ရရှိသေနတ်ဒဏ်ရာတွေနဲ့  အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒေါ်ဇာခြည်ဦးဟာ ထားဝယ်က  သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီ အတွက် သတင်းထောက်လှမ်းပေးနေသူဖြစ်ပြီး အဖမ်းခံရသူတွေကို လွတ်အောင်လုပ်ပေးမယ်ဆိုကာ ငွေကြေးမြောက်မြားစွာ တောင်းယူနေတာကြောင့်  ပွဲစားလုပ်ဆောင်နေသူဖြစ်တဲ့အတွက် သေနတ်နဲ့ ကိုးချက်တိတိပစ်ခတ်ပြီး ရှင်းလင်းသုတ်သင်ခဲ့ကြောင်း  Guerrilla Dawei က ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up