close

တော်ဝင်မိသားစုအား အသရေဖျက်မှုဖြင့် အမှုဖွင့်ခံရသည့် ဆန္ဒပြ ထိုင်းအမျိုးသမီးခေါင်းဆောင် အာမခံမရ

ထိုင်းနန်းတော် နဲ့ တော်ဝင်မိသားစုကို အသရေပျက်စေမှု၊ စော်ကားမှုနဲ့ အမှုဖွင့်အရေး ယူခံထားရတဲ့ ထိုင်းဆန္ဒပြခေါင်းဆောင် (Rone) ရုန့် ပနတ်ဆယား ဆိုသူကို  ဘန်ကောက်တရားရုံးက နိုဝင်ဘာ ၁၅ နေ့မှာ  ပုဒ်မ ၁၁၂ နဲ့ ငြိစွန်းကြောင်း စီရင်ချက်ချပြီး အာမခံလည်း မရခဲ့ပါဘူး။ 

သူမနဲ့ အပေါင်းအဖော်တစ်စုဟာ မနှစ် နှစ်ကုန်ပိုင်းက ကျောဟိုက်ဗိုက်ပေါ်စွပ်ကျယ်အင်္ကျီ ဝတ်ဆင်ပြီး ဘန်ကောက်ဆယမ်ပါရာကွန်ကုန်တိုက်ထဲမှာ လမ်းလျှောက်ခဲ့ပါတယ်။ ဝမ်းဗိုက်မှာ လည်း “အမေ့မှာနောက်ယောက်ျားမရှိ၊ တို့မှာအဖေတယောက်ပဲရှိတယ်၊ ကျနော့်အဖေနာမည် ဝချီရာ မဟုတ်” ဆိုတဲ့ စာတွေ ရေးထားတာပါ။ 

ထိုင်းနိုင်ငံရဲ့ ဒဿမမြောက်ဘုရင် ဝချီရာလောင်ကွန်းဟာ အဆိုပါ ကျောဟိုက်ဗိုက်ပေါ်စွပ်ကျယ်အင်္ကျီနဲ့ ဂျာမဏီနိုင်ငံကုန်တိုက်ထဲမှာ လျှောက်လည်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ဘုရင်စနစ်လိုလားသူတွေကတော့ ဘုရင်ကို ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ 

ဒါကြောင့် ဆန္ဒပြခေါင်းဆောင် ရုန့် နဲ့ အပေါင်းပါတွေရဲ့ လုပ်ရပ်ဟာ ဘုရင်ကြီးနဲ့ တော်ဝင်မိ သားစုကို စော်ကားတဲ့အမှုနဲ့ စွဲချက်တင်ခံထားရတာပါ။ 

ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေ ပုဒ်မ ၁၁၂ အရ နိုင်ငံ့ဥသျှောင်ဘုရင်၊ နန်းတွင်းရေးရာနဲ့   တော်ဝင်အမျိုးအနွယ်တွေကို ပုတ်ခတ်ထိပါးတယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ၁၅ နှစ်ထိ ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ။ 

ထိုင်းဆန္ဒပြသူတွေကတော့ လက်ရှိဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့၊ အခြေခံဥပဒေပြင်ဆင်ရေး ဆွဲဖို့ တစိုက်မတ်မတ်တောင်းဆိုထားပြီး အဲဒီထဲမှာ ပုဒ်မ ၁၁၂ အပါအဝင် ပြည်သူနဲ့ပတ်သက်တဲ့ တော်ဝင်ဥပဒေအချို့ကို ပြင်ဆင်ပေးဖို့လည်း ပါရှိပါတယ်။ 

တနင်္ဂနွေနေ့ကလည်း ဘန်ကောက်မြို့ ပထုမ်ဝမ်းလမ်းဆုံမှာ လူထောင်ချီဆန္ဒပြခဲ့ကြပြီး ရဲက လူစုခွဲစဉ် ဆန္ဒပြသူ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up