ကျန်းမာရေးကြောင့်ဘောလုံးကစားခြင်းမှ အဂွဲရိုး အနားယူမည့်သတင်း ဘာစီလိုနာနည်းပြ ငြင်းဆို

နှလုံးရောဂါပြဿနာကြောင့် ဘောလုံးကစားခြင်းမှ အဂွဲရိုး အနားယူတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း ဘာစီလိုနာနည်းပြ ဇာဗီကတော့ ဒီသင်းကို ငြင်းဆန်လိုက်ပါတယ်။
ဘာစီလိုနာအသင်း အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူး အဂွဲရိုးဟာ နှလုံးပြဿနာကြောင့် ဘောလုံးသမားဘဝမှ အနားယူမယ်လို့ အခုရက်သတ္တပတ်အတွင်း အတည်ပြု ကြေညာဖို့ရှိတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း ဒီသတင်းတွေကို ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီက ငြင်းဆန်ခဲ့ကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အဂွဲရိုးဟာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အလာဗတ်စ်အသင်းနဲ့ ၁-၁ ဂိုး သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပွဲကစားနေစဉ်အတွင်း နှလုံးအမောဖောက်တဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရလို့ ပွဲဆက်ကစားနိုင်ခြင်းမရှိတော့ဘဲ လူစားလဲခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရက်တွေမှာ အဂွဲရိုးနဲ့ စကားပြောခဲ့ပြီး သူ့အနေနဲ့ သက်သောင့်သက်သာရှိနေကြောင်း အဂွဲရိုး ရဲ့အခြေအနေကို စောင့်ကြည့်နေပေမဲ့ အဂွဲရိုး အကောင်းဆုံးပုံစံနဲ့ ပြန်လာပြီး ဘောလုံးပြန်ကစားနိုင်ဖို့ မျှော်လင့်ထားကြောင်း ဇာဗီက ပြောပါတယ်။