close

ရုရှား ရဟတ်ယာဉ် ၄ စီးကို မာလီနိုင်ငံက ဝယ်ယူ

မာလီနိုင်ငံရဲ့အသွင်ကူးပြောင်းရေးသမ္မတ အက်စ်ဆီမီဂိုတာဟာ နိုင်ငံပိုင်ဘဏ္ဍာငွေနဲ့ဝယ်ယူခဲ့တဲ့ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၄ သန်းတန် ရုရှားရဟတ်ယာဉ်လေးစင်းကို နိုဝင်ဘာ ၂၆ ရက်က တရားဝင်လက်ခံရယူခဲ့ပါတယ်။ 

ရုရှားနိုင်ငံဟာ မာလီနိုင်ငံကို ရဟတ်ယာဉ်လေးစင်းအပြင် လက်နက်ခဲယမ်းမီးကျောက်တွေ ကိုလည်း စက်တင်ဘာ ၃၀ ရက်နှောင်းပိုင်းက ပို့ဆောင်ခဲ့ပါသေးတယ်။ 

ပြင်သစ်အစိုးရက ဒေသတွင်း အကြမ်းဖက်မှုတန်ပြန်ရေးစစ်ဆင်မှုကို အင်အား ၅၀၀၀ နဲ့ ပြန်လည်စတင်ဖို့ ပြင်ဆင်နေချိန်မှာ မာလီအစိုးရက ရုရှားကြေးစားစစ်သားတွေကို စုဆောင်းနေတယ်ဆိုတဲ့ သတင်းကြောင့်  မာလီနဲ့ သူ့ရဲ့အဓိက စစ်ရေးမိတ်ဖက် ပြင်သစ်တို့ကြား ဆက်ဆံရေးတင်းမာနေချိန်မှာ  ခုလို ရုရှားက စစ်လက်နက်တွေ ပေးပို့လာတာပါ။ 

မာလီရဲ့တစ်နှစ်သက်တမ်းရှိ စစ်အာဏာရှင်တွေဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြားခံ အင်အားဖြစ်တဲ့ Wagner အုပ်စုကို စုဆောင်းဖို့ နီးစပ်နေပြီလို့ သံတမန်ရေးရာနဲ့လုံခြုံရေးသတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပြင်သစ်ကလည်း ဒါကိုဟန့်တားဖို့ သံတမန်ရေးအရ တွန်းအားပေးဖို့ စတင်လုပ်ဆောင်နေတာ ကြောင့် ပြင်သစ် ဆက်လက်တည်ရှိနေမှုဟာ ဒီအစီအစဉ်နဲ့ သဟဇာတ ဖြစ်မှာမဟုတ်ဘူးလို့လည်း ပြောဆိုကြပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up