ငွေစာရင်းပြဿနာကြောင့် ဂျူဗင်တပ်စ်အသင်း တန်းဆင်းကစားရဖွယ်ရှိနေ

အီတလီစီးရီအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ ငွေစာရင်းပြဿနာတွေကြောင့် စစ်ဆေးခံနေရပြီး စီးရီးဘီကို တန်းဆင်း ကစားရနိုင်တဲ့အခြေအနေတွေ ရှိနေတယ်လို့သိရပါတယ်။
တူရင်နဲ့ မီလန်မှာရှိတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ရုံးခန်းတွေကို အီတလီရဲတပ်ဖွဲ့က oင်ရောက်စစ်ဆေးခဲ့ပြီးနောက် ဂျူဗင်တပ်စ် အသင်းတာဝန်ရှိသူတွေဟာလည်း စစ်ဆေးခံနေရပါတယ်။
၂၀၁၉ ကနေ ၂၀၂၁ခုနှစ်အတွင်းမှာ ငွေစာရင်းအမှားတွေလုပ်ဆောင်ခဲ့ပြီး၊ အပြောင်းအရွှေ့ကိစ္စနဲ့ အေးဂျင့်လုပ်ခတွေမှာ ငွေစာရင်းမသမာမှုတွေ ရှိခဲ့တယ်လို့ အီတလီရဲတပ်ဖွဲ့က စွပ်စွဲထားတာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ စုစုပေါင်း ၄၂ ခု မှာ ငွေစာရင်းအမှားလုပ်မှုတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ အဲဒီစွပ်စွဲမှုတွေအပေါ် လုံလောက်တဲ့ သက်သေမပြနိုင်ခဲ့ဘူးဆိုရင်တော့ ပြစ်ဒဏ်အနေနဲ့ စီးရီးဘီကို တန်းဆင်း ကစားဖွယ်ရှိတယ်လို့ အီတလီ စားသုံးသူအခွင့်အရေးစောင့်ကြည်သူအဖွဲ့က မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂ဝ ပြည့်နှစ်ကရရှိခဲ့တဲ့ စကူဒက်တို ချန်ပီယံဆုဖလားကိုလည်း ပြန်လည်ရုပ်သိမ်းခံရဖွယ် ရှိတယ်လို့ သိရပါတယ်။