မက္ကဆီကိုတွင် ကားဗုံးခွဲထောင်ဖောက် အရာရှိ ၂ ဦး သေဆုံးပြီး အကျဉ်းသား ၉ ဦး လွတ်မြောက်

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဟီဒယ်ဂိုပြည်နယ် တူလာမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့က ကားဗုံး ၂ လုံးထက်မနည်း ဖောက်ခွဲပြီး ထောင်ဖောက်ခဲ့တာကြောင့် ထောင်သား ၉ ယောက် ထွက်ပြေးလွတ်မြောက်တယ်လို့ သိရပါတယ်။
သေနတ်သမားတွေက ထောင်ကို စီးနင်းခဲ့ပြီး သေနတ်နဲ့ပစ်ခတ်လို့ အရာရှိ ၂ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။
ရာဇဝတ်ဂိုဏ်းတွေဟာ ထောင်ဖောက်နေတုန်း လုံခြုံရေးတပ်တွေကို အာရုံလွှဲဖို့ ထောင်ရှေ့မှာ ကားဗုံးတွေ ခွဲခဲ့တာလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ ထောင်သားတွေထဲမှာ မီချွာကန် ပြည်နယ်အခြေစိုက် ရာဇဝတ်အုပ်စုဖြစ်တဲ့ ပွယ်ဘလို ယူနီဒို ဂိုဏ်းခေါင်းဆောင် အယ်လ် မီချွာကာနို လို့ လူသိများတဲ့ ဟိုဆေး အောတေမီအို မယ်လ်ဒိုနာဒိုလည်း ပါသွားတယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။
လွတ်သွားတဲ့ ထောင်သားတွေကို ဒေသခံ ရဲတွေ၊ အမျိုးသား အစောင့်တပ်က တပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့က လိုက်ရှာနေပါတယ်။