close

ထိုင်းတိုက်လေယာဉ်ပျက်ကျ၊ လေသူရဲတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင်ထဲမှာ ဒီနေ့မနက်က လေကြောင်းတိုက်ခိုက်မှုလေ့ ကျင့်ရေး တိုက်လေယာဉ် ၁ စီး ပျက်ကျပြီး လေသူရဲ ၁ ဦး ပြင်းစွာ ဒဏ်ရာရသွားပါတယ်။

လေတပ် အမှတ် ၂၁ ပိုင် 18 (F-5) အမျိုးအစားဖြစ်တဲ့ တိုက်လေယာဉ်ဟာ ဥဘွန်းရာ့ချ်ဌာနီကနေ ပျံသန်းလာပြီး လုပ်ပူရီခရိုင် ချိုင်းပါးဒန်းမြို့နယ်ရှိ လေကြောင်းတိုက်ခိုက်ရေး လေ့ကျင့်ရေးကွင်းအနီးမှာ အနိမ့်ပျံသန်းစဉ် ဒီနေ့မနက် ၁၁ နာရီလောက် ပျက်ကျသွားခဲ့တာလို့ ထိုင်းလေတပ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီး ပရဖတ် ဆွန်ကျိုင်ဒီက သတင်းထောက်တွေကို အတည်ပြုပြောပါတယ်။

လေယာဉ်မောင်းနှင်သူမှာ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုလေ့ကျင့်နေစဉ် မတော်တဆဖြစ်ခဲ့ကြောင်း၊ အသက်အန္တရာယ် ဘေးကင်းဖို့ ဆေးရုံကနေ အစွမ်းကုန်ကုသပေးနေတယ်လို့ ဆိုပါတယ်။ 

လေကြောင်းတိုက်ခိုက်မှု လေ့ကျင့်ရေးသင်တန်းကို နိုဝင်ဘာ ၂ ရက်နေ့က  လေတပ်ဗိုလ်ချုပ်ကိုယ်တိုင် အခမ်းအနားနဲ့  သွားရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကိုးကား - https://www.bangkokbiznews.com/news/975459

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up