မက်ဆီရရှိသည့် ၇ ကြိမ်မြောက် ဘလွန်းဒီအောဆုကို ဘာစီလိုနာပြတိုက်၌ ထားရှိမည်

PSG တိုက်စစ်မှူး မက်ဆီဟာ သူရရှိခဲ့တဲ့ ၇ ကြိမ်မြောက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာပြတိုက်မှာ ပြသထားမယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက်က ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး လီယိုနယ် မက်ဆီက ပြိုင်ဘက် လီဝန်ဒေါစကီးနဲ့ ဂျော်ဂျင်ဟိုတို့ကိုကျော်ဖြတ်ကာ ၇ ကြိမ်မြောက် ရရှိခဲ့တာပါ။
ဒီဆုကို မက်ဆီက ကစားသမားဘဝမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ သူ့ရဲ့ ကလပ်အသင်းဟောင်း ဘာစီလိုနာအသင်း ပြတိုက်မှာ ပြသထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ပြည်နှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ လည်း ဘလွန်းဒီအောဆုကို ရရှိခဲ့ဖူးပါတယ်။