close

တစ်တောင့်ထိုးရိုင်ဖယ်သေနတ် ပြည်သူ့တော်လှန်ရေးအဖွဲ့ ထုတ်လုပ်အောင်မြင်

ပြည်သူတော်လှန်ရေးအဖွဲ့ (PRA) က တစ်တောင့်ထိုး ခါးချိုးရိုင်ဖယ်သေနတ် ထုတ်လုပ်အောင်မြင်ပြီလို့ အဖွဲ့ရဲ့ တာဝန်ရှိက ပြောပါတယ်။

ပြည်ပက ဝယ်ယူရာမှာ ခြောက်သိန်းခွဲပေးရပြီး အခုအောင်မြင်သွားတဲ့ ရိုင်ဖယ်ဟာ ထုတ်လုပ်မှု တစ်သိန်းခွဲပဲ ကုန်တယ်လို့ PRAတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်နေမင်းက ပြောပါတယ်။

“ပြည်ပကနေ ဝယ်ယူတဲ့ သေနတ်ထက် အားသာချက်တွေရှိတယ်ဗျ။ အဝေးပြေးကစပေါ့။ ကျည်ထည့်ရတာကအစ အချိန်အတိုအတွင်းမှာ မြန်မြန်ဆန်ဆန် အသွင်းအထုတ်လုပ်နိုင်လာတယ်။ ကျည်အဝေးရောက်တာကအစ ပြည်ပကဝယ်တဲ့ လက်နက်ထက်အားသာချက်တွေအများကြီးပေါ့။ အခက်အခဲကတော့ ကုန်ကြမ်းဝယ်ယူရမှာ အခက်အခဲကလွဲရင် အကုန်အဆင်ပြေတယ်။ ကျနော်တို့ နိုဝင်ဘာ ၁၅ ရက်နေ့ကနေ စမ်းသပ်ထုတ်လုပ်နေတာ အခုအောင်မြင်တယ်။ အခုထုတ်လုပ်အောင်မြင်တဲ့ အလက်ရေ အချိန်တိုအတွင်း ၇၅ လက်အထိ ထုတ်လုပ်နိုင်ခဲ့တယ်။”

ပြည်သူတော်လှန်ရေးအဖွဲ့ (PRA) အဖွဲ့အနေနဲ့ ဆက်လက်ပြီး ပွိုင့် 22 ကျည်ထည့်ပစ်လို့ ရမဲ့ ခြောက်လုံးပြူး သေနတ်ပါ လက်ရှိစမ်းသပ်ထုတ်လုပ်နေပြီး စစ်အာဏာရှင်ကို အဆုံးအထိတော်လှန်ဖို့ ပြင်စဉ်နေကြတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up