အမ်ဘာပေနှင့် ဗင်နီဆီးယက်စ် တိုက်စစ်အတွဲ အဆင်ပြေနိုင်ဟု ကတ်စမဲရိုး မှတ်ချက်ပေး

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှာ ဗင်နီဆီးယက်စ်နဲ့ အမ်ဘာပေတို့ကို တွဲဖက်အသုံးပြုမယ်ဆိုရင် အဆင်ပြေနိုင်ကြောင်း ကွင်းလယ်လူ ကတ်စမဲရိုးက မှတ်ချက်ပေးသွားပါတယ်။
အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် မကစားခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အမ်ဘာပေရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ကတ်စမဲရိုးက မှတ်ချက်ပေးခဲ့ပါတယ်။
အမ်ဘာပေဟာ အသင်းရဲ့ ကစားသမားမဟုတ်ပေမဲ့ ကမ္ဘာ့ထိပ်တန်းကစားသမား ၃ ဦးထဲက တစ်ဦးဖြစ်ပြီး ဘယ်အသင်းမှာမဆို အံဝင်အောင် ကစားနိုင်စွမ်းရှိသူဖြစ်တယ်လို့ ကတ်စမဲရိုးက ပြောပါတယ်။
“ဗင်နီဆီးယက်စ်နဲ့ သူသာ တွဲကစားခဲ့ရင် သူတို့ကစားသမားဘဝတွေအတွက် ခမ်းနားကြီးကျယ်တဲ့ အခိုက်အတန့်တွေ ဖြစ်လာလိမ့်မယ်။ သူတို့ တွဲဖက်ကစားရင် အံဝင်နိုင်တယ်” လို့ ကတ်စမဲရိုးက မှတ်ချက်ပေးသွားတာပါ။
အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။