မက္ကဆီကိုနိုင်ငံ ယာဉ်မတော်တဆမှုအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၄၉ ဦးထက်မနည်း သေဆုံး

မက်ဆီကိုနိုင်ငံ ချီယာပတ်စ်ပြည်နယ်ထဲ ယာဉ်မတော်တဆမှုအတွင်း အမေရိက အလယ်ပိုင်းကလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အများစုပါတဲ့ လူ ၄၉ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ အရာရှိတွေက ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
ဒါဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး လမ်းမတော်တဆမှုပါ။
တက်ခ်စ်လာ ဂူတီယာရက်ဇ်မြို့အပြင်က အန္တရာယ်များတဲ့ လမ်းကွေ့မှာ နောက်တွဲယာဉ် တိမ်းမှောက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် လူ ၅၈ ယောက် ဒဏ်ရာရပြီး ဒေသတွင်းက ဆေးရုံတွေဆီ တင်ပို့ကုသထားရကာ ၃ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ချီယာပတ်စ် အရပ်ဖက်ကာကွယ်ရေး အေဂျင်စီရဲ့ အကြီးအကဲက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အလယ်အမေရိကက အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှုတွေကနေ ထွက်ပြေးနေရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက်ဆီကို နိုင်ငံကတဆင့် အမေရိကန်နယ်စပ်ကို ရောက်ဖို့ ကြိုးစားနေကြတာပါ။
တခါတလေမှာ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေနဲ့ လူမှောင်ခို သမားတွေက စီစဉ်တဲ့ ကုန်ကားကြီးတွေထဲမှာ ကြပ်သိပ်လိုက်ပါလာလေ့ ရှိပါတယ်။