မြောက်ကိုရီးယားသမ္မတဟောင်း ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနား သားဖြစ်သူ တက်ရောက်

ဖခင်ဖြစ်သူ သမ္မတဟောင်း ကင်ဂျုံအီလ် ကွယ်လွန်မှု ဆယ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ခဲ့ပါတယ်။
အနက်ရောင် လည်သာကုတ်ရှည်ကို ဝတ်ထားတဲ့ ကင်ကျုံအန်းဟာ သူ့ရဲ့အဘိုး မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကီအီလ်ဆွန်းနဲ့ ဖခင်ဖြစ်သူ ကင်ဂျုံအီလ်တို့ မြှုပ်နှံထားရာနေရာကို အစိုးရ အရာရှိပေါင်းများစွာနဲ့အတူ လာရောက်ဂါရဝပြုခဲ့ပါတယ်။
ဖခင်ဖြစ်သူ ကင်ဂျုံအီလ်ဟာ နိုင်ငံကို ၁၇ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာ ၁၇ ရက်မှာ ကွယ်လွန်ပါတယ်။
အဲဒီကွယ်လွန်မှု ဆယ်နှစ်ပြည့်အခမ်းအနားမှာ ပြည်သူတွေက ပန်းစည်းချ ဂါရဝပြုတာတွေ၊ ဥဩဆွဲသံတွေနဲ့ ကားဟွန်းသံတွေကို နိုင်ငံပိုင်မီဒီယာ KRT က အကြီးအကျယ် ဝါဒဖြန့်ခဲ့ပါတယ်။