မြောက်ကိုရီးယားတွင် မူကြိုကျောင်းသားလေးများအတွက် သင်ရိုးပြင်ပလှုပ်ရှားမှု မိတ်ဆက်

မြောက်ကိုရီးယားနိုင်ငံမှာ မူကြိုကျောင်းတကျောင်းက ကျောင်းသားလေးတွေရဲ့ ပါရမီကို ပျိုးထောင်ပေးဖို့ သင်ရိုးပြင်ပ လှုပ်ရှားမှုအမျိုးမျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။
မူနင် မူကြိုကျောင်းမှာ ကျောင်းသားလေးတွေဟာ ပုံမှန်ပညာရေးသင်ခန်းစာတွေသာမက ကခုန်တာ၊ ဂီတာတီးတာနဲ့ စာပန်းချီအလှရေးတာ အပါအဝင် လှုပ်ရှားမှုအမျိုးမျိုးမှာ ပါဝင် လေ့ကျင့်နေတာကို မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA ရုပ်သံထဲမှာ တွေ့ရပါတယ်။
ဒီရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မရှိပါဘူး။ သီချင်းဆိုနဲ့ ကခုန်တဲ့ သင်တန်းတွေကလွဲလို့ လှုပ်ရှားမှုအားလုံးလိုလိုအတွင်း ကျောင်းသားတွေက ပါးစပ် နှာခေါင်းစည်းတွေကို ဝတ်ဆင်ထားကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကျောင်းအုပ်ကြီး ဂျွန်ယွန်းဟွေက “ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အစောပိုင်း ကလေးတွေရဲ့ ပညာရေးက အရေးကြီးပုံကို ကျောင်းက အသိအမှတ်ပြုထားတယ်”လို့ ကေစီအန်အေသတင်းဌာနကို ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ မနှစ်က ဇွန်လကတည်းက ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမဲ့ စာသင်ခန်းထဲမှာ ပါးစပ် နှာခေါင်းစည်းကို မဖြစ်မနေ ဝတ်ဆင်ရပြီး လက်ဆေးဖို့ နေရာတွေလည်း တပ်ဆင်ပေးခဲ့ပါတယ်။
အထီးကျန် မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ တယောက်မှ အစီရင်မခံခဲ့ပါဘူး။ ဒါပေမယ့် နယ်စပ်ကို ပိတ်ဆို့တာနဲ့ ပြည်တွင်းခရီးသွားမှု တားမြစ်ကန့်သတ်တာတွေ အပါအဝင် ကူးစက်မှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကိုတော့ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။