close

မြန်မာ့လက်ရွေးစင် မောင်မောင်လွင် ထိုင်းလိဂ် -၂ ကလပ် လမ်ဖွန်း အသင်းသို့ ပြောင်းရွှေ့

မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား  မောင်မောင်လွင်ဟာ ထိုင်းလိဂ် -၂ ကလပ် လမ်ဖွန်းအသင်းကို  ပြောင်းရွှေ့သွားပြီး အသင်းနဲ့အတူ ပူးပေါင်း လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပါတယ်။

မောင်မောင်လွင်ဟာ ဒီဇင်ဘာ ၂၁  ရက်နေ့က လမ်ဖွန်းအသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး  စာချုပ်သက်တမ်းနဲ့  ဘယ်လောက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။

လမ်ဖွန်းအသင်းဟာ  အခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ ခေတ္တရပ်နားထားချိန်   အမှတ်ပေးဇယား အဆင့် ၄  နေရာမှာ  ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။   ပြီးခဲ့တဲ့ ရာသီကမှ ထိုင်းလိဂ်- ၃ ပြိုင်ပွဲမှာ  ချန်ပီယံဖြစ်ခဲ့ပြီး အခုရာသီမှာတော့ ထိုင်းလိဂ်- ၂ ကို တန်းတက်လာသည့် အသင်းဖြစ်ပါတယ်။ 

အခုရာသီ ထိုင်းလိဂ်ကလပ်အသင်းတွေမှာ မြန်မာကစားသမားတွေဖြစ်တဲ့ အောင်သူ၊ ဇော်မင်းထွန်း၊ ကျော်ကိုကို၊ အောင်ကျော်နိုင်တို့ ကစားနေပြီး မောင်မောင်လွင် ထပ်မံရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ လတ်တလော စင်ကာပူနိုင်ငံမှာ ကစားခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့  ကွင်းလယ်ကစားသမားမောင်မောင်လွင်တို့ ပြီးခဲ့တဲ့  အောက်တိုဘာ ၁၁ ရက်နေ့က  ကစားသမားရဲ့ ဆန္ဒအလျောက် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီးဖြစ်တယ်လို့ ကလပ်အသင်းက ကြေညာထားပါတယ်။

မောင်မောင်လွင်ဟာ  ၂၀၁၈ ဘောလုံးရာသီမှစတင်ကာ ရန်ကုန်ယူနိုက်တက်မှာ ခြေစွမ်းပြကစားခဲ့ပြီး ၂၀၁၈ ကွင်းဖွင့်ဖလားချန်ပီယံ၊ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ၊ ၂၀၁၈ နှင့် ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up