ချီလီတောင်ပိုင်း၌ မီးရှို့တိုက်ခိုက်မှုကြောင့် အိမ် ၃၀ ထက်မနည်း မီးလောင်

ချီလီနိုင်ငံတောင်ပိုင်းက ကွန်တယ်မိုမြို့မှာ ဒီဇင်ဘာ ၂၁ ရက်က မီးရှို့တိုက်ခိုက်မှုအတွင်း အိမ်ခြေ ၃၀ ထက်မနည်း မီးလောင်ခဲ့ပါတယ်။
လာနယ်ဟူးကန်နားက နွေရာသီစံအိမ်တွေအဖြစ် သုံးတဲ့ အိမ်တွေ မီးလောင်ပြာကျပြီး သံထည်အမိုးတွေသာ ကျန်ခဲ့တာပါ။
မီးရှို့သူတွေဟာ ဒေသခံတွေကို သေနတ်နဲ့လည်း ပစ်ခတ်ခဲ့ပေမယ့် အသေအပျောက် မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ဝေါမာပူနယ်မြေကို အုပ်စိုးခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ရီစစ်စတန်စီယာ မာပူချေ လာ့ဗ်ကန်ချေ လို့ သိကြတဲ့ အုပ်စုက သူတို့ တိုက်ခိုက်တာလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ချီလီတောင်ပိုင်းက ဝေါမာပူနယ်မြေဟာ အစိုးရနဲ့ ဘိုးဘွားပိုင်မြေ ပြန်ရရေး တောင်းဆိုနေတဲ့ ဒေသခံ မာပူချေ တိုင်းရင်းသားအုပ်စုကြား တင်းမာမှုတွေ ဖြစ်နေတာပါ။