close

၂၀၂၃ ခုနှစ် သြဂုတ်တွင် ရွေးကောက်ပွဲကျင်းပမည်၊ တွေ့ဆုံဆွေးနွေးရန်မရှိဟု စစ်ခေါင်းဆောင်ပြော

မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ အထွေထွေရွေးကောက်ပွဲအသစ် ကျင်းပဖို့ စီစဉ်နေတယ်၊ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းပေါ်လာတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့   စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်က  ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတပ်နယ်မှာ  တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနဲ့ ဆေးဘက်ပညာ တက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တို့မှ ကျောင်းအုပ်ကြီးတွေ၊ နည်းပြအရာရှိကြီးတွေ၊ ကထိကအရာရှိကြီးတွေ၊ ဆရာ၊ ဆရာမကြီးတွေနဲ့ တွေ့ဆုံစဉ်ပြောသွားတာပါ။

နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေပြီး ပြည်သူတွေ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပေမယ့် ပါတီအချို့ဟာ လာရောက်တွေ့ ဆုံဆွေးနွေးခြင်းမရှိကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အလ်ဒီပါတီက အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀  ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲအသစ်အတွက် ကြေညာလိုက်တာပါ။

ပြည်သူတွေရဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို သေချာစေဖို့အတွက် အရည်အချင်းပြည့်မီသူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ခုထိ လုပ်ငန်းစဉ် ၂၅ ရာခိုင်နှုန်းသာ ပြီးစီးနေပြီလို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up