ဆူဒန် စစ်ခေါင်းဆောင်များကို ပြည်သူများ ချီတက်ဆန္ဒပြ

ဆူဒန်စစ်ခေါင်းဆောင်တွေဟာ အောက်တိုဘာလက အာဏာသိမ်းခဲ့ပြီး နိုဝင်ဘာမှာ ဝန်ကြီးချုပ် အက်ဗ်ဒါလာဟမ်ဒေါ့ခ်ကို အာဏာပြန်လည်အပ်နှင်းခဲ့ပေမဲ့ ဒီဇင်ဘာ ၁၃ ရက်က ထောင်သောင်းချီတဲ့လူအုပ်ဟာ မြို့တော်ခါတွမ်မှာ ဆက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက အမျိုးသားအလံကိုလွှင့်၊ စစ်တပ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေတိုင်ပြီး မြို့တော်ခါတွမ်ကနေ နိုင်းမြစ်တလျှောက်ရှိ ဘာရီနဲ့ အမ်ဒါမန်မြို့တွေဆီ ချီတက်ခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းစက အဲဒီမြို့နှစ်ခု ဆက်သွယ်တဲ့ တံတားကို လုံခြုံရေးတွေက ပိတ်ထားပြီး ဆန္ဒပြသူ ၄၄ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီအကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်မယ့် လွတ်လပ်တဲ့ ကော်မတီတရပ်ဖွဲ့ပေးဖို့ ဒီဇင်ဘာ ၁၃ ရက်က တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး အာဏာပိုင်တွေဘက်က ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ခွင့်ပြုတယ်လို့ ပြောပါတယ်။
လက်ရှိ အက်ဗ်ဒါလာဟမ်ဒေါ့ခ်ရဲ့ ကြားဖြတ်အစိုးရကို စစ်တပ်ကပဲ ကြိုးကိုင်ထားတယ်လို့ ဆန္ဒပြသူတွေက ယုံကြည်ထားပါတယ်။