close

ဂရိကမ်းခြေစောင့်အဖွဲ့က ရွှေ့ပြောင်းအခြေချသူ ၁၆ ဦး၏ အလောင်းများ တွေ့ရှိ

အေဂျီယန်ပင်လယ်ကိုဖြတ်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေဟာ အေဂျီယန်ပင်လယ် အလယ်ပိုင်း ဂရိပါရိုးကျွန်းစုအနီးမှာ လှေတိမ်းမှောက်ခဲ့ပါတယ်။ 

၁၆ ဦး သေဆုံးပြီး ၆၃ ဦးကို  ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ 

ဂရိလုံခြုံရေးအဖွဲ့တွေက ပါရိုးကျွန်းအနောက်မြောက်ဘက်မှာ ဖြန့်ကြက်ရှာဖွေမှုတွေ ဆက်လုပ်နေပါတယ်။

သေဆုံးသူတွေက အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ်တဦးဖြစ်ပြီး သူတို့အလောင်းတွေကို ကမ်းခြေစောင့်အဖွဲ့က ရရှိပါတယ်။

အဲဒီရွှေ့ပြောင်းအခြေချသူအားလုံးက အီဂျစ်လူမျိုးတွေဖြစ်ပြီး တူရကီကနေ အီတလီကို ဦးတည်ထွက်လာခဲ့တာပါ။ 

အဲဒီဖြစ်ရပ်ဆိုးအတွက် အဓိကတာဝန်ရှိသူတွေက လူကုန်ကူးဂိုဏ်းတွေ ဖြစ်တယ်လို့ ဂရိ ရေကြောင်းဝန်ကြီးက ပြောပါတယ်။ 

အရင်တပတ်ကလည်း ဂရိတောင်ဘက် အန်တိကျိသရာကျွန်းအနီးမှာ  ရွက်သင်္ဘောပျက်တစီးနဲ့ အလောင်း ၁၁ လောင်းကို လုံခြုံရေးတွေ တွေ့ရှိခဲ့ပါတယ်။ နောက်ထပ်တနေရာကို ကင်းလှည့်ပြီးနောက် လူ ၉၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ 

ဂရိဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေ ဥပရောပနိုင်ငံတွေကို သွားတဲ့ အဓိကလမ်းကြောင်း ဖြစ်ပြီး၊ ၂၀၁၅ ကစပြီး အခုချိန်ထိ ဒုက္ခသည် ၁ သန်းကျော် ဥရောပကို ဝင်ရောက်ခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up