ဗီလာနည်းပြ ဂျရတ် ကိုဗစ်ကူးစက်ခံရသဖြင့် ပရီးမီးယားလိဂ် ၂ ပွဲကို ကြီးကြပ်နိုင်မည်မဟုတ်

အက်စ်တွန်ဗီလာနည်းပြ စတီဗင်ဂျရတ်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် သီးသန့်နေထိုင်နေရပါတယ်။
အသင်းနဲ့အတူ လေ့ကျင့်ရေးကွင်းမလာနိုင်ခဲ့တဲ့ ဂျရတ်ဟာ ဗီလာအသင်းရဲ့ ပွဲစဉ် ၂ ပွဲကို ဝင်ရောက်ကြီးကြပ်နိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
ဗီလာအသင်းဟာ ဒီဇင်ဘာ၂ ရက်မှာ ချဲလ်ဆီး၊ ဒီဇင်ဘာ၂၉ ရက်မှာ လိဒ်ယူနိုက်တက်အသင်းတွေနဲ့ ဆက်တိုက်ကစားရမှာပါ။
ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် အဲဒီပရီးမီးယားလိဂ် ၂ ပွဲမှာ နည်းပြဂျရတ်က တာဝန်ယူကိုင်တွယ် နိုင်မှာမဟုတ်ကြောင်း ဗီလာအသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း ဘန်လေနဲ့ အိမ်ကွင်းပွဲစဉ် ကစားရမှာဖြစ်ပေမယ့် ကိုဗစ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။