close

ကိုဗစ်ကန့်သတ်ချက်ဖြေလျှော့ပြီးနောက် ခရစ္စမတ်ကာလ ဆစ်ဒနီကမ်းခြေ၌ စည်ကား

ဩစတြေးလျနိုင်ငံမှာ မကြာခင်က ကိုဗစ်လော့ခ်ဒေါင်း ဖြေလျှော့ခဲ့ပြီးနောက်  ဒီဇင်ဘာ ၂၅ ရက်က ဆစ်ဒနီမြို့၊ ဘွန်ဒီကမ်းခြေမှာ ခရစ္စမတ်အားလပ်ရက်ကို လူအမြောက်အမြား ပျော်ရွှင်စွာ အပန်းဖြေခဲ့ကြပါတယ်။ 

ရာသီဥတု သာသာယာယာရှိတာကြောင့် ဩစတြေးလျမှာ သောင်တင်နေတဲ့ နိုင်ငံခြားသားတွေ ကလည်း သူတို့ နိုင်ငံတွေ မပြန်သေးဘဲ ဒေသခံမိတ်ဆွေတွေနဲ့အတူ အပန်းဖြေခဲ့ပါတယ်။

ခရစ္စမတ်ပွဲတော်စိတ်ဓာတ်နဲ့ ပျော်ရွှင်နေကြတဲ့ လူတွေဟာ ဆန်တာကလော့စ်ဦးထုပ်ဆောင်းပြီး သဲသောင်ပြင် ခရစ္စမတ်သစ်ပင်တွေနဲ့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်တွေပေါ် တင်ကြပါတယ်။

အသက်ကယ်မယ့် စေတနာ့ဝန်ထမ်းအစောင့်တွေ ချထားပြီး ကမ်းခြေပေါ်မှာ အရက်သောက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကာ  ရဲတွေက စောင့်ကြည့်နေခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up