ကွန်ဂိုတွင် ကိုဗစ်-၁၉ စတုတ္ထလှိုင်း ဆိုးရွားစွာ ရင်ဆိုင်နေရ

ကူးစက်မြန် ကိုဗစ်စတုတ္ထလှိုင်းက ကွန်ဂိုရဲ့ ချည့်နဲ့ဆိုးရွားလှတဲ့ ကျန်းမာရေးစနစ်ကို ဖိအားပေး ခြိမ်းခြောက်နေပါတယ်။
လူဦးရေ သန်း ၆၀ ရှိတဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကာကွယ်ဆေး တကြိမ်ထိုးထားသူ လူ ၃ သိန်းအောက်ပဲ ရှိနေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။
ကင်ရှာဆာမြို့ စိန့်ဂျိူးဇက် ကိုဗစ်စင်တာမှာဆိုရင် ခုတင် ၃၈ လုံးသာ ရှိပြီး သွားလာရခက်ခဲမှု၊ ဝေးကွာတဲ့ဒေသတွေမှာ နေထိုင်မှု၊ မလုံခြုံမှု၊ ရန်ပုံငွေနည်းပါးမှုတို့ကြောင့် ကာကွယ်ဆေးထိုးတဲ့ အရေအတွက် နည်းနေတာပါ။
ကူးစက်မှုမြင့်မားနေချိန်မှာ ကာကွယ်ဆေးမထိုးရသေးသူက အများအပြား ရှိနေပြီး အထူးသဖြင့် လူငယ်တွေကို ကူးစက်နေပါတယ်။
ကင်ရှာဆာ သမ္မတ ပိုပိုလ်ကာဘေဆယ် ကိုယ်တိုင်လည်း အခုနောက်ဆုံးလှိုင်း ဝင်လာတော့မှ ကာကွယ်ဆေးထိုးတာလို့ သိရပါတယ်။
ဒီဇင်ဘာလအတွင်း အာဖရိကတတိုက်လုံးမှာ ဒယ်လ်တာနဲ့ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်မှု ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်နေတာပါ။