ဘရာဇီးတွင် မိုးဆက်တိုက်ရွာသွန်းပြီး ဆည်ကျိုးပေါက်သဖြင့် ဒေသခံများကို ဘေးလွတ်ရာရွှေ့

ဘရာဇီး အရှေ့မြောက်ဘက် ဘီဟာပြည်နယ်မှာ နှစ်လနီးပါး မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ဆည်ကြီး နှစ်ခုက ရေတွေ တရဟောစီးဆင်းတာကြောင့် မြစ်တွေရေလျှံ စိုးရိမ်စရာ အခြေအနေ ဖြစ်နေပါတယ်။
ဘီဟာပြည်နယ်တောင်ဘက် အီဂွါဆည်က ဒီဇင်ဘာ ၂၅ ရက်ညမှာ ကျိုးပေါက်ခဲ့ပြီး မြစ်ရေတွေ လျှံတက်လာပါတယ်။ အုပ်ချုပ်ရေးပိုင်းက အီတမ်ဘီမြို့ ဒေသခံတွေကို နေရာရွှေ့ပြောင်းပေးခဲ့ပါတယ်။
ပြည်နယ်မြောက်ဘက် ကီလိုမီတာ ၁၀၀ ဝေးတဲ့ ဂျူဆီယာပီမြို့က နောက်ဆည်တခုကလည်း ရေလယ်ဗယ် မြင့်တက်လာကြောင့် အရေးပေါ်အခြေအနေ ကြေညာပြီး မြို့နေထိုင်သူတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ရူအိကက်စထရိုက ပြောတာက မြစ်ရေလျှံမှုကြောင့် တိုက်နယ်မြို့ ၆၇ ခုက လူ ၄ သိန်းနီးပါးကို အရေးပေါ် နေရာရွှေ့ပြောင်းရတယ်။
လမ်းတွေ၊ တံတားတွေ ပျက်စီးကုန်တယ်၊ လတ်တလော သေဆုံးမှုတော့မရှိပေမဲ့ နှစ်လ ဆက်တိုက် မိုးရွာတာကြောင့် ၁၈ ဦး သေဆုံးခဲ့တယ်။ ဒီဇင်ဘာလ မိုးရေချိန်ဟာ ပျမ်းမျှထက် ၆ ဆ ပိုများတယ်လို့ ဆိုပါတယ်။