တိုက်စစ်မှူး ဟာရီကိန်းအား အလှည့်ကျအသုံးပြုရန် ဆုံးဖြတ်ရခက်ခဲဟု စပါးနည်းပြပြော

စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ အလှည့်ကျအသုံးပြုဖို့အတွက် အလွန်ဆုံးဖြတ်ရခက်စေတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ အသင်းနည်းပြ ကွန်တီက ပြောပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန် ၁ နာရီကျော် ကစားပြီးနောက် ဘာ့ဂ်ဝင်းချ်နဲ့ လူစားလဲခဲ့တာကို ပြန်လည်ရှင်းလင်းပြောဆိုခဲ့တာပါ။
ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အကြောင်းနဲ့ အလွန်အရေးကြီးတဲ့ ကစားသမားတစ်ယောက် အကြောင်း ဆွေးနွေးရာမှာ သူအမြဲပြောခဲ့သလို ဒီနေ့မှာတော့ သူ့ကို အနားပေးဖို့အတွက် အခွင့်အရေးရခဲ့ကြောင်း၊ ပြီးတော့ သူ့အတွက် မိနစ် ၆၀ လောက်ပဲ ကစားတာဟာ အရေးကြီးပြီး ကိန်းဟာ အလှည့်ကျကစားစေဖို့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အလွန်ခက်ခဲစေတဲ့ ကစားသမား တစ်ယောက်ဖြစ်ကြောင်း ကွန်တီက ဟာရီကိန်းနဲ့ပတ်သက်ပြီး ပြောပါတယ်။
စပါးအသင်းဟာ ၆ ရက်အတွင်း ဆောက်သမ်တန်၊ ဝက်ဖို့ဒ်အသင်းတွေနဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။