close

အိန္ဒိယတွင် လူငယ်များ အားကျစေရန် ရော်နယ်ဒို ရုပ်တု ထားရှိ

အိန္ဒိယအနောက်ဘက်၊ ဂိုဟာပြည်နယ်အစိုးရက ပေါ်တူဂီနဲ့ မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး ခရစ္စတီယန်နိုရော်နယ်ဒိုရဲ့ ရွှေရောင်ရုပ်တုကို လူငယ်တွေ အားကျအတုယူစေဖို့  ဖွင့်ပွဲလုပ်ပေးခဲ့ပါတယ်။ 

ရော်နယ်ဒို ဘောလုံးကန်နေတဲ့ရုပ်တုကို ပြည်နယ်မြို့တော် ပနာဂျီရဲ့ ပန်းခြံတခုမှာ ထားရှိပြီး ထူးချွန်တဲ့ ဘောလုံးသမားတွေ ပြည်နယ်မှာ ထွက်ပေါ်လာဖို့ ရည်ရွယ်တာပါ။ 

ဒေသခံရှေ့နေ မိုက်ကယ် လိုဘို က  “ယောက်ျားလေးနဲ့ မိန်းကလေးတွေ သူ့ရုပ်တု လာကြည့်မယ်။ selfies ဓာတ်ပုံရိုက်မယ်။ ပြီးရင် သူ့ကို အားကျကြလိမ့်မယ်” လို့ ဆိုပါတယ်။

အသက် ၃၆ နှစ်ရှိ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဘောလုံးသမားဆု ငါးကြိမ်ရထားကာ ပေါ်တူဂီအသင်းနဲ့ ကလပ်တွေအတွက် ဂိုးပေါင်း ၈၀၀ ကျော် သွင်းထားသူဖြစ်ပြီး  အခု နိုင်ငံ တချို့က သူ့ ရဲ့ ရုပ်တုတွေ ထားရှိလာပါတယ်။

 ၂၀၁၇ မှာ ပေါ်တူဂီနိုင်ငံက ရော်နယ်ဒိုကို ဂုဏ်ပြုပြီး မဒီရာလေဆိပ်မှာ ရုပ်တုဖွင့်လှစ်ခဲ့ပါတယ်။ မက်ဒရစ်၊ လန်ဒန်၊ ဘန်ကောက် အပါအဝင် မြို့ကြီးအချို့မှာ သူ့ရဲ့ဖယောင်းရုပ်တုတွေ အတော်များများ တွေ့နိုင်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up