close

စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် မုံရွာမြို့က ဇာတ်မင်းသား ကိုအာကာဖြိုး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နှစ်သစ်ကူးညက ဖမ်းဆီးခံရသူ ၆ ဦးအနက် ဇာတ်မင်းသား ကိုအာကာဖြိုးကို စစ်တပ်က စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ပြီး မိသားစုကို ဇန်နဝါရီ ၂ ရက်ညပိုင်း အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ကိုအာကာဖြိုးအပါအဝင် လူငယ် ၆ ဦး ဖမ်းဆီးခံရတယ်။ ကိုအာကာဖြိုးကို မနေ့က ညနေပိုင်း စစ်တပ်ကမိ သားစုဝင်တွေကို အလောင်းလာထုတ်ဖို့အကြောင်းလာတယ်။” 

ဇာတ်မင်းသား အသက်မွေးဝမ်းကျောင်းနဲ့ လုပ်ကိုင်နေသူ ကိုအာကာဖြိုးဟာ ဖမ်းဆီးခံရပြီး ၂ ရက် အကြာမှာ ကျဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကကတော့ ကိုအာကာဖြိုးကို လက်နက်တွေနဲ့အတူ နှစ်သစ်ကူးညက  ဖမ်းဆီး ရမိခဲ့လို့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၁၃၉၃ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up