close

“သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”-နိုင်ငံတဝန်း သပိတ်တွင် ပါဝင်နိုင်

ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်း ထွက်ကြ” ဆောင်ပုဒ်နဲ့ နိုင်ငံတဝန်းဆင်နွှဲကြမယ့် သပိတ်မှာ အားလုံးပါဝင်ဆင်နွှဲကြဖို့ နှိုးဆော်ထားပါတယ်။

ဒီသပိတ်မှာတော့ လွတ်လပ်ရေးနေ့ လှုပ်ရှားမှုတွေအနေနဲ့ မလွတ်လပ်သေးတဲ့ ဖက်ဆစ်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်ကျရောက်နေတဲ့ အချိန်ကာလဖြစ်တာကြောင့် တိုင်းပြည်အတွင်း ကျင်းပမယ့် ဘယ်လိုလွတ်လပ်ရေးအထိမ်းအမှတ်ပွဲကိုမှ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

လွတ်လပ်ရေးနေ့မှာ တနိုင်ငံလုံးက လူထုမှ လွတ်လပ်ရေးကြွေးကြော်သံ၊ တိုက်ပွဲဝင်သံပါ စာ သားတွေ ရေးသားပြီး စျေးသွားချိန်၊ လမ်းပေါ်ထွက်ချိန်၊ မိမိတို့ ပုံမှန်လုပ်ငန်းဆောင်တာ တွေ လုပ်ဆောင်နေချိန် လမ်းမတွေပေါ် အများပြည်သူနေရာတွေမှာ ကြဲချတာ၊ နံရံတွေမှာ ကပ်ထားတာမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

 စာသားတွေအနေနဲ့ “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”၊ “မအလ မအလ”၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ကြ”၊ “ရုန်းထွက်ကြ” စသဖြင့် နွေဦးတော်လှန်ရေးကာလတလျှောက်လုံး သုံးခဲ့တဲ့ ကြွေးကြော်သံတွေကို အသုံးပြုနိုင်သလို မိမိတို့ရေးသားလိုတာတွေကိုလည်း ရေးသားပြီး စာချ၊ စာကပ်သပိတ်တွင် ပါဝင်နိုင်ပြီး ကြွေးကြော်သံမရွတ်ဘဲ ကြွေးကြော်သံများ လမ်းမှာပြန့်ကျဲ စေပြီး စစ်အာဏာရှင်အပေါင်း ကြားစေရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မလွတ်လပ်သေးတဲ့ အနာဂတ်ပျောက်ဆုံးနေတဲ့ နိုင်ငံတော်အတွင်းမှ လွတ်လပ် လာမယ့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လှမ်းမျှော်တဲ့ စာတိုရေးသားကာ လွတ်လပ်ရေးနေ့အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ မိမိတို့ လူမှုကွန်ရက် အကောင့်တွေပေါ်မှာ #သူ့ကျွန်ဘဝကလွတ်ခဲ့ပြီစစ်ကျွန်ဘဝကရုန်းထွက်ကြ #4122 #၄၁၂၂ စတဲ့ hashtag တွေသုံးပြီးတော့လည်း တင်နိုင်သလို ဒီစာသားတွေကို စုဆောင်းပြီး ၇၄ ကြိမ်မြောက် လွတ်လပ်ရေး လူထုလှုပ်ရှားမှုတွေအဖြစ် မှတ်တမ်းတင်ကာ သတင်းမီ ဒီယာတွေမှာ ပြန်လည်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up