close

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ၂ ဦး ကျဆုံး

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၁၄ ယောက် သေဆုံးက ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာအနီးက သဲတောင်မှာ ဖရူဆိုဘက်နေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ မနက် ၁၀ နာရီခွဲလောက်က ည ၇ နာရီအထိ  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြိုနယ်၊ ငွေတောင်ဆည်အနီးမှာလည်း ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၃ ရက်အထိ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ကရင်နီပြည်ပူးပေါင်း မဟာမိတ်တပ်တို့က ခုခံတိုက်ခိုက်ခဲ့လို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

ဇန်နဝါရီ ၂ ရက် တိုက်ပွဲမှာ ကရင်နီတပ်မတော်က ရဲဘော် တစ်ယောက်၊ PDF ပူးပေါင်းမဟာမိတ်တပ်တို့က ရဲဘော် တစ်ယောက်နဲ့ စစ်ကောင်စီတပ်ဘက်က ၃ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာလည်း ငွေတောင်ဆည်အနီး တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းနင်းမိပြီး ဆေးကုသမှုခံယူနေရင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုတပ်ဖွဲ့ဝင်တဦးလည်း သေဆုံးသွားခဲ့တယ်လို့ DMO – PDF ကထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မေ ၁၉ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ကယား (ကရင်နီ) ပြည်နယ်မှာ တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ပွားခဲ့ပြီး KNDF က ၈၁ ပွဲကို ပါဝင်ဦးဆောင်တိုက်ခိုက်ခဲ့တယ်လို့  KNDF က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၂၄၉ ယောက်၊ ဒဏ်ရာရသူ ၁၄၉ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။KNDF ဘက်ကတော့ ဒဏ်ရာရသူ ၂၄ ယောက်နဲ့ တိုက်ပွဲအတွင်း ကျဆုံးသူ ၁၃ ယောက်ရှိပြီး အရပ်သားပြည်သူ ၁၄၆ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up