close

အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက Mask လမ်းညွှန်ချက်အသစ် ထုတ်ပြန်မည်

အမေရိကန်နိုင်ငံအတွင်း အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံအရေအတွက် တိုးလာချိန်မှာ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (စီဒီစီ) က ပါးစပ် နှာခေါင်းစည်း mask တွေအတွက် လမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်ဖို့ စဉ်းစားနေတယ်လို့ သဝါရှင်တန်ပို့စ် သတင်းဌာနက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။

တကယ်လို့ တသမတ်တည်း တပ်နိုင်မယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်နေသူတွေဟာ အများကြီး အကာအကွယ်ပေးနိုင်တဲ့ N95 ဒါမှမဟုတ် KN95 အမျိုးအစား ပါးစပ် နှာခေါင်းစည်းတွေကို ဝတ်ဆင်ဖို့ စီဒီစီက အကြံပေးလိမ့်မယ်လို့ အရာရှိ တယောက်ကို ကိုးကားပြီး သဝါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

တကယ်လို့ ပြည်သူတွေဟာ KN95 ဒါမှမဟုတ် N95 ပါးစပ် နှာခေါင်းစည်းတွေကို တနေကုန် ဝတ်ထားဖို့ သည်းခံနိုင်ပါက ဝတ်သင့်တယ်လို့ စီဒီစီရဲ့ လမ်းညွှန်ချက်ထဲမှာ ပါလာဖို့လည်း မျှော်လင့်ထားပါတယ်။ 

ကူးစက်နှုန်းမြင့်တဲ့ အိုမီခရွန်ဗီဇမျိုးကွဲ ပျံ့နှံ့မှုက နှေးကွေးသွားတဲ့ လက္ခဏာ မပြသေးပါဘူး။ 

အမေရိကန်နိုင်ငံမှာ တနင်္လာနေ့ တရက်တည်းအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံ ဦးရေ ၁ ဒသမ ၁၃ သန်းထက်မနည်း ရှိခဲ့လို့ ကမ္ဘာတလွှား ဘယ်နိုင်ငံမှာမဆို နေ့စဉ် ကူးစက်မှု အမြင့်ဆုံး ကိန်းဂဏန်း ဖြစ်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up