အဲရိုးလက်နက်စနစ် စမ်းသပ်မှုပြီးစီးပြီဟု အစ္စရေးပြော

3
အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက အဲရိုး (Arrow) လက်နက်စနစ်ကို စီစဉ်စမ်းသပ်မှု ပြီးစီးပြီလို့ ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
မနှစ်ကလည်း အစ္စရေးဟာ အမေရိကန်နဲ့အတူ အဲရိုးဖိုးလို့ ခေါ်တဲ့ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး စနစ်သစ်တရပ်ကို တီထွင်နေတယ်လို့ ပြောခဲ့ပါတယ်။
အစ္စရေးရဲ့ အဲရိုးတူးနဲ့ အဲရိုးသရီး ဒုံးခွင်းဒုံးတွေဟာ လက်ရှိ တာဝန်ထမ်းဆောင်နေပြီဖြစ်ပြီး ဒါဟာ အာကာသထဲနဲ့ လေထုထဲကနေလာတဲ့ ဒုံးကျည်တွေကို ဖျက်ဆီးဖို့ အထပ်တွေ အများအပြားပါတဲ့ စနစ်ရဲ့ အစိတ်အပိုင်းလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။