close

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ၅ ဦးကို အဂတိမှုဖြင့်စွပ်စွဲပြီး ထောင်ဒဏ်အသီးသီးချ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီး ၅ ယောက်ကို  စစ်ကောင်စီက အဂ တိလိုက်စားမှုတိုက်ဖျက်‌ရေး ဥပဒေနဲ့ ရခိုင်ပြည်နယ်တရားလွှတ်တော်က ဇန်နဝါရီ ၁၉ ရက် ဒီနေ့ ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ် တောနှင့်သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်နှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီအမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တဦးက ''ကျနော်တို့ ကတော့ ဝန်းကြီးချုပ်ဟောင်းနဲ့ စည်ပင်ဝန်ကြီးအတွက် အမှုလိုက်ပေးတာပါ။ အဂတိမှုနဲ့တရားစွဲခံထားရတဲ့ ဝန်ကြီးငါးဦးစလုံးကို နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်လို က်ပါတယ်။'' လို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဦးညီပု၊ ဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ ဦးကျော်အေးသိန်းတို့ အဂတိ ၃ မှုအတွက် ၁ မှုကို ထောင်ဒဏ် ၃ နှစ်စီ စုစုပေါင်း ၉ နှစ်ချမှတ်လိုက်ပြီး  ဝန်ကြီး ဦးကျော်လွင်က ဒဏ် ၃ နှစ်နဲ့  ဦးမင်းအောင်ကတော့  အမှုနံပါတ် ထောင်ဒဏ် ၇ နှစ်ထိအများဆုံးချမှတ် ခံလိုက်ရပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့  နိုင်ငံတော်ကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဦးကောင်းဇော်သန့်က တရားလိုလုပ်ပြီး ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ  အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅နဲ့  အမှု ၄ မှု  တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုတွေထဲမှာ ဂွမြိုနယ်အတွင်းရှိ ဂုံသောင်းတန်ဖိုးနည်းမြေကွက်များဖော်ဆောင်တာ၊ အစိုးရပိုင် အဆောက်အဦး ၃ ခုကို ပြည်သူလူထုကို ငှားရမ်းတာ၊ တောင်ကုတ်မြို့မဈေးအပါဝင် ဈေးငါးဈေးကို တင်ဒါစည်းကမ်းနဲ့မညီဘဲ ငွေကြေးအပိုပေးတယ်လို့ အကြောင်းပြစွပ်စွဲထားတဲ့ အမှုတွေ ပါဝင်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)နဲ့ ထပ်တိုးတရားစွဲထားသလို ဝန်ကြီး ဦးမင်းအောင်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့လည်း တရားစွဲဆိုထားပါသေးတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ညီပုဟာ လက်ရှိ ထောင်ဒဏ် ၁၁ နှစ်ထိ ချမှတ်ခံထားရပြီး သူနဲ့အတူ စည်ပင်ဝန်ကြီးဟောင်းလည်း နောက်ထပ်အမှုတွေရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up