close

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ​ရေစကြို-PDF တပ်ရင်း ၂ သင်တန်းဆင်းပွဲပြုလုပ်

ရေစကြိုမြို့နယ် PDF က လေ့​ကျင့်သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၄ ကို ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းမှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့ကနေ သိရပါတယ်။

လက်နက်အားကိုးပြီးတော့ မတရားအာဏာသိမ်းကာ ပြည်သူလူထုအပေါ်မှာ မတရား အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်တွန်းလှန် ခုခံတိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထဲကို လူငယ်တွေ ဝင်ရောက်လာကြတာလို့ ရေစကြို PDF ခေါင်းဆောင်က ပြောပါတယ်။

“လက်ရှိအချိန်ထိ လူအင်အားတွေပြည့်မီစွာနဲ့ သင်တန်းတွေ ဆက်တိုက်ပေးပို့နေနိုင်တာပေါ့ဗျာ။ ဒါပေမယ့်လည်း လက်နက်တပ်ဆင်မှုမှာတော့ ကျနော်တို့တပ်ဖွဲ့အပါဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးမှာ အခက်ခဲတွေရှိနေသေးတာပေါ့။” 

စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းတွေမှာ အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်လာတာကြောင့် ပြည်သူထိခိုက်မှု အနည်းဆုံးဖြစ်အောင် ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူလူထု ထိခိုက်မှုများနိုင်တဲ့ နေရာမျိုးတွေမှာ တိုက်ပွဲတွေမဖော်ဆောင်ဘဲနဲ့ ထိခိုက်မှု နည်းနိုင်တဲ့နေရာတွေမှာ ခုခံတွန်းလှန်စစ်တွေကို ပြောက်ကျားနည်းစနစ်နဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒီကနေ့ သင်တန်းဆင်းပွဲမှာတော့ ရေစကြို PDF သင်တန်းသား အမျိုးသား ၁၈၆ ယောက်နဲ့ အမျိုးသမီး ၄၄ ယောက် သင်တန်းဆင်းခဲ့ကြပြီး စစ်ကောင်စီတပ်တွေကို အမြစ်ပြတ်တော်လှန်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up