နှလုံးကျန်းမာရေး အဆင်ပြေသွားပြီဟု အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း အသိပေး

အာဖရိကဖလားပြိုင်ပွဲမဝင်ခင်မှာ နှလုံးကျန်းမာရေး ပြဿနာကြောင့် ပွဲမကစားရခဲ့ပေမယ့် သက်သာပျောက်ကင်းသွားပြီလို့ တိုက်စစ်မှူး အူဘာမီယန်းက ပြောပါတယ်။
ဂါဘွန် တိုက်စစ်မှူးဟာ အာဖရိကဖလားပြိုင်ပွဲမတိုင်ခင်မှာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် နိုင်ငံအသင်းအတွက် ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။
ကိုဗစ်ရောဂါပျောက်ကင်းသွားပြီးနောက်မှာ နှလုံးအခြေအနေ မကောင်းတာကြောင့် စောင့်ကြည့်ကုသခဲ့ရပြီး ဂါဘွန်အသင်းကလည်း အာဆင်နယ်အသင်းဆီ ပြန်လည်စေ လွှတ်ခဲ့တာပါ။
အူဘာမီယန်းဟာ အာဆင်နယ်အသင်းကို ရောက်ရှိချိန်မှာ နှလုံးအခြေအနေနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ပျောက်ကင်းသွားပြီလို့ ဆိုရှယ်မီဒီယာကနေ အသိပေးခဲ့ပါတယ်။
“ကျနော့်နှလုံးအခြေအနေက လုံးဝအဆင်ပြေနေပြီး ကျန်းမာရေးကောင်းမွနေနေပါတယ်။ ပြီးခဲတဲ့ရက်တွေအတွင်းမှာ ဆုတောင်းစကားတွေပို့ခဲ့ကြတာတွေအတွက် ကျေးဇူးတင်ရှပါတယ်” လို့ အားကစားခန်းမမှာလေ့ကျင့်နေတဲ့ ဓာတ်ပုံနဲ့အတူ အူဘာမီယန်းက ရေးသားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကတော့ အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရတဲ့ အူဘာ မီယန်း အခြေအနေကို ဆက်ပြီးစောင့်ကြည့်သွားမယ်လို့ ပြောထားပါတယ်။